တပ်ကုန်း မေ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်ရပ်ကွက်၊ မိုးဃ်းကောင်းဆုတောင်းပြည့်ဘုရားဝင်းအတွင်း ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်ကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ညောင်ရေသွန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်ကာ ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်အား မြို့မခြောက်ရပ်ကွက်မှ အသင်းအဖွဲ့များ၊ ကာလသား၊ ကာလသမီးတို့က အလှည့်ကျ အိုးစည်ဗုံမောင်းတို့ဖြင့် လှည့်လည်၍ ညောင်ရေသွန်းလောင်းခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စေတနာရှင်များက စတုဒိသာ ကျွေးမွေးပေးခြင်း၊ စျေးရောင်းပွဲတွင် လူသုံးကုန်အမျိုးမျိုး၊ မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိုး၊ မုန့်ပဲသရေစာအမျိုးမျိုးနှင့် ကလေးကစားစရာ အပျော်စီးများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။
တင်စိုးလွင်