မြစ်သား မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများက ဦးဆောင်ကာ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါ (OraVacs)ကာကွယ်ဆေးကို မင်းကျောင်း ပရိယတ္တိစာသင်တိုက်ရှိ နိဗ္ဗာန်လမ်းပြဓမ္မာရုံအတွင်း၌ ဆရာတော်၊ သံဃာတော်များအား ယနေ့နံနက် (၉) နာရီအချိန်က တိုက်ကျွေးခဲ့ကြောင်း သိရသည်။
မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ကျန်းမာရေးဝန်ထမ်းများက မင်းကျောင်းပရိယတ္တိစာသင်တိုက်ရှိ နိဗ္ဗာန်လမ်းပြဓမ္မာရုံအတွင်း၌ ဆရာတော်၊ သံဃာတော် (၅၀) ပါးကို ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ (OraVacs) ကာကွယ်ဆေးတိုက်ကျွေးပေးခဲ့ကြောင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေး ဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)