မြစ်သား မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကူမဲမြို့ အမှတ် (၅) ရပ်ကွက်ရှိ အောင်ကမ္ဘာဆန်စက်ဝန်းတွင် မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် ဘိလပ်မြေ၊ သံချောင်း၊ အထပ်သားများအား အထူးစျေးဖြင့်ရောင်းချနေမှုများကို စစ်ဥပဒေချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ယမန်နေ့နံနက်ပိုင်းက လာရောက်ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ လာရောက်ကြည့်ရှု့စစ်ဆေးရာတွင် ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ် တိုးမြင့်ကျော်၊ ကျောက်ဆည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၊ မြစ်သားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ ကူမဲမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တာဝန်ရှိသူတို့မှ ကြိုဆိုခဲ့ကြပြီး ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်က ဘိလပ်မြေ၊ သံချောင်း၊ အထပ်သားများကို မန္တလေးငလျင်ဘေးသင့်ပြည်သူများအတွက် အထူးလျှော့စျေးဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ဆက်လက် ၍ ပေါက်မြိုင်ကျေးရွာအနီး မန္တလေး Rising Star အုတ်စက်ရုံသို့ ရောက်ရှိခဲ့ပြီး အုတ်ထုတ်လုပ်မှု အခြေအနေများအား ကြည့်ရူစစ်ဆေးခဲ့ကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)