ပြည်ကြီးတံခွန် မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (င)ရပ်ကွက်ရှိ အင်းခရုဘုရားအတွင်း ယနေ့ကျရောက်သော မေလ ၁၁ ရက် ကဆုန်လပြည့်နေ့တွင် ယမန်နေ့ နံနက်(၈)နာရီအချိန်က ညောင်ရေသွန်းလောင်းခြင်း ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ညောင်ရေသွန်းလောင်းရာတွင် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်မီးသတ်ဦစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက တံမြက်စည်းလှူဒါန်းခြင်း၊ ဘုရားရင်ပြင်ပေါ်တွင် တံမြက်စည်းလှည်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ ဗောဓိညောင်ပင်၌ ညောင်ရေသွန်းလောင်းခြင်း၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကောက်ညှင်းပေါင်းကျွေးမွေးခြင်း၊ ညောင်ရေသွန်းဘုရားလာဖူးသူများအား ကောက်ညှင်ပေါင်းကျွေးမွေးခြင်းနှင့် ပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)