ဘုတ်ပြင်းမြို့နယ်၌  ဆရာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ကဆုန်ညောင်ရေသွန်းလောင်းပွဲကျင်းပ

ဘုတ်ပြင်း မေ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ သာသနာတော်နှစ် ၂၅၆၉ ခု၊  မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်  ဆရာတော်သံဃာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်းဆက်ကပ်ခြင်းနှင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်က ဘုတ်ပြင်းမြို့ ရွှေဘုံသာရပ်ကွက်ရှိ ဆုတောင်းပြည့်အောင်တော်မူစေတီတော်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြွရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့်ဧည့်ပရိသတ်များက အခမ်းအနားကိုနမောတဿသုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့ဖွင့်လှစ်၍ ဘုတ်ပြင်းမြို့ အောင်မေတ္တာတောရကမ္မဋ္ဌာန်းဆရာတော် ဘဒ္ဒန္တသောဘိတထံမှ ဆယ်ပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်သံဃာများက ပရိတ်တရားတော်များ ရွတ်ဖတ်တော်မူသည့်တရားတော်များကိုနာယူ၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များအားလှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည် ဆရာတော်ထံမှ အနုမောဒနာတရားနာယူကာလှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ ရုတ်သိမ်းခဲ့သည်။ ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များအား အာရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိမြို့ဖများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အလှူရှင်များက  ရွှေဘုန်းပွင့် ဘုရားရင်ပြင်ရှိ ဗောဓိညောင်ပင်တွင် ဗုဒ္ဓရုပ်ပွားတော်များအား ရေသပ္ပါယ်ပူဇော်ခြင်း၊ ညောင်ရေသွန်းလောင်းပူဇော်ခဲ့ခြင်းတို့ကို စုပေါင်းလောင်းလှူပူးဇော်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)