သမိုင်းဝင်ရွှေကြက်ယက်ဆုတောင်းပြည့်မြတ်စွာဘုရား၌ ကဆုန်ညောင်ရေသွန်းပွဲကျင်းပ

 

အမရပူရ မေ ၁၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရမြို့နယ် ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ သမိုင်းရွှေကြက်ယက်ဆုတောင်းပြည့်မြတ်စွာဘုရားတွင်ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်ကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ညောင်ရေသွန်းပွဲသို့ မန္တလေးတိုင်းဒေသကြီး၊အစိုးရအဖွဲ့ သယံဇာတဝန်ကြီး ဦးရွှေဇင်၊ ဥပဒေချုပ် ဦးမြင့်အောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့်အဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့က္ကဋ္ဌ ဦးစိုးညွှန့်ဦးနှင့် အဖွဲ့ဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်၍ ညောင်ရေသွန်းခဲ့ကြသည်။

ဆက်လက်ပြီး ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်အား ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ ကျေးရွာ(၁၅)ရွာမှ ကာလသား၊ ကာလသမီးတို့ကအလှည့်ကျ ညောင်ရေသွန်းခဲ့ကြပြီး ဝန်ကြီးနှင့် ဥပဒေချုပ်တို့မှ ရွှေမိုးငွေမိုး ရွာသွန်းပေးခဲ့သည်။အဆိုပါညောင်ရေသွန်းပွဲကို နှစ်စဥ် ကဆုန်လဆန်း ၁၄ ရက်နေ့(အဖိတ်နေ့)တွင် ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ ကျေးရွာ ၁၅ ရွာမှအဆိုအကများဖြင့် လှည့်လည်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်းသိရသည်။

စိုးသီဟ(အမရ)