ပျော်ဘွယ်မြို့နယ်၊ တမာကုန်းကျေးရွာအုပ်စုရှိ ဆံပင်ရုံတွင် အလုပ်သမားများနေထိုင်သည့်နေအိမ်တန်းလျားများ မီးကြွင်းမီးကျန်မှတဆင့်မီလောင်မှုဖြစ်ပွား

ပျော်ဘွယ် မေ ၁၁

ပျော်ဘွယ်မြို့နယ်၊ တမာကုန်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးကားလမ်းဘေးရှိဆံပင်ရုံတွင် မေလ(၁၀)ရက်၊ မွန်းလွဲ(၃)နာရီခန့်က အလုပ်သမားများနေထိုင်သည့် နေအိမ်တန်းလျားများ မီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွဲခဲ့ကြောင်းသိရသည်။

မီးလောင်ကျွမ်းမှုကြောင့် အလုပ်သမားများနေထိုင်သည့် ထရံကာ၊ ဓနိမိုး(၁၀)ပေပတ်လည်ရှိ မြေစိုက်အဆောက်အဦ(၁၇)လုံး လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုဖြစ်ပွားရာသို့ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်မင်းဆွေ နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးဦးကျော်မျိုး နှင့် တပ်ဖွဲ့ဝင်များ၊ အနီးဝန်းကျင်မှ ပြည်သူများပူးပေါင်း၍ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြသည်။

မီးလောင်မှုဖြစ်စဉ်အား သက်ဆိုင်ရာတာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)