ကွတ်ခိုင်မြို့၌ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

 

ကွတ်ခိုင် ဒီဇင်ဘာ ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့ရှိ ပန်းခြံဈေး၊ မြို့မစည်ပင်သာယာစျေးနှင့် လူစည် ကားရာ နေရာများသို့ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ အကြောင်း သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက လိုက်လံဖြန့်ဝေသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် (၉၉)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံမှပေးပို့သည့် သဝဏ်လွှာမှ ကောက်နှုတ်ချက်များ၊ (၁၆.၁၀.၂၀၂၀)ရက်တွင် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်မှု နှီးနှောဖလှယ်ပွဲ၌ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက် ၊ ၂၀၂၀ပြည့်နှစ် နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊အမျိုးသား အောင်ပွဲနေ့ သမိုင်းကြောင်း ၊ ဗြိတိသျှတို့ပြဌာန်း  သောကျွန်ပညာရေးဥပဒေ ၊ ရန်ကုန် ယူနီဗာစီတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန် ပြုကြသောကျောင်းသားကြီး(၁၁)ဦးနှင့်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ကဗျာ ၊ ကာတွန်း နှင့် မှတ်တမ်းပုံများ ပါဝင်ပြီး ၂၀၂၀ပြည့်နှစ်၊နှစ်တစ်ရာပြည့် အမျိုးသားအောင်ပွဲနေ့ လက်ကမ်းစာစောင် သည်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေခြင်းဖြစ်ကြောင်း  သိရပါသည်။

 

ကိုမိုင်း(ပြန်/ဆက်)