ညောင်ဦးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ ကွင်းဆင်းစစ်ဆေး

ညောင်ဦး မေ ၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်း ရောင်းချလျက်ရှိသည့် စိုက်ပျိုးရေးဆေးဆိုင်နှင့် စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်း စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီ ဦးဆောင်သော ပူးပေါင်းအဖွဲ့သည်၊ ခရိုင်စားသုံသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင်မျိုးခိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး  ဒေါ်အိအိဖြူ၊ မြို့နယ်စည်ပင်သာယာ ရေးဝန်ထမ်းများသည် မဏိစည်သူဈေးကြီးအတွင်း အပြင်နှင့် ရပ်ကွက်များအတွင်း ရောင်း ချလျက်ရှိသည့် စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးရာ၊ သတ်မှတ်ရက်လွန်ပစ္စည်းများ ရောင်းချနေခြင်းရှိမရှိ၊ မြေဆီအိတ်များ သတ်မှတ်စံချိန်စံ ညွှန်းရှိမရှိ၊ ဆေးပစ္စည်းများ ကိုင်တွယ်ရောင်းချရာတွင် အန္တရာယ်ကင်းစွာ ကိုင်တွယ်ရောင်း ချပေးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချရေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း (ပြန်/ဆက်)