ညောင်ဦးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ အနီးကပ်သင်ကြားပို့ချခဲ့သည့် တက္ကသိုလ်အသီးသီးမှ ဆရာ/မများပြန် လည်ထွက်ခွာ

ညောင်ဦး မေ ၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ (Grade-12) ပြန်လည်ဖြေဆိုကြမည့်  ကျောင်းသား/ကျောင်းသူများ အောင်ချက်မြင့်မားရေး ဘာသာရပ်ဆိုင်ရာ အနီးကပ်ဆွေးနွေးပို့ချခဲ့သည့် တက္ကသိုလ်အသီးသီးမှ ဆရာ/ဆရာမများ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးသို့ ယနေ့ နံနက် ၁၁ နာရီခွဲအချိန်က ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိ  ကျောင်းသား/ကျောင်းသူများ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုနိုင်ရေးအတွက် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ မိတ္ထီလာတက္ကသိုလ်များမှ ပါမောက္ခ ဆရာ/မများက တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်ရေး ဘာသာရပ်များ ဆွေးနွေးခြင်းကို အခြေခံပညာအထက်တန်းကျောင်း-ညောင်ဦးတွင် မေလ ၂ ရက်နေ့မှ စတင်၍ ရက်နေ့မှ မေလ ၈ ရက်နေ့အထိ သင်ကြားပို့ချခဲ့ပြီး  ဆရာ/မများ သက်ဆိုင်ရာ တက္ကသိုလ်များသို့ ပြန်လည်ထွက်ခွာရာ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ  ခရိုင်/မြို့နယ် ပညာရေးမှူးများက လိုက်ပါပို့ဆောင်နှုတ်ဆက်၍ ဒေသထွက် လက်ဆောင်ပစ္စည်းများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း