ငလျင်ဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်လျက်ရှိ

ပုသိမ်ကြီး မေ ၈

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေးသင့် ပြည်သူများအား နိုင်ငံတော်မှထောက်ပံ့ငွေများ ပေးအပ်ခြင်းကို  ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဌာနဆိုင်ရာ အကြီးအကဲများ ဦးဆောင်၍ ကျေးရွာများရှိ ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက ထောက်ပံ့ငွေများ စနစ်တကျ ပေးအပ်နိုင်ရေး တာဝန်ရှိသူများဖြင့် ပူးပေါင်းကာ ယနေ့တွင် ပေးအပ်ခဲ့သည့် ကျေးရွာများမှာ ကျွဲရေကုန်း၊ ဆင်ရွာကြီး၊ ငြိမ်းချမ်းသာစံ၊ နေရဉ္ဇယျ၊ မနောယျမ၊ ဆင်ပွတ်ကြီး၊ မှန်ပင်၊ ဂန္ဓမာ ကျေးရွာများသို့ ထောက်ပံ့ငွေများအား ဌာနဆိုင်ရာအဖွဲ့တို့မှ ငလျင်ဘေးသင့် ပြည်သူများအား တစ်ဦးလျှင် ငါးသောင်းနှစ်ထောင်နှုန်းဖြင့် ဆက်လက်ပေးအပ်ထောက်ပံ့လျက်ရှိကြောင်း သိရသည်။

ဇာနည်ကိုကို