သရက်ချောင်း မေ ၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့က ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းခလိုက်ရှုက သင်တန်းသူများအား ပန်းအလှထိုးနည်းသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာ ဦးကျော်ဇင်လတ်က သင်တန်းသူများအား လက်တွေ့ပြသဆောင်ရွက်ပေးတာကို စိတ်ဝင်စားစွာ လေ့လာမှတ်သားကြရန်လိုကြောင်း ပြောကြားခဲ့ပြီးနောက် ပန်းအလှထိုးနည်း အမျိုးမျိုးတို့ကို လက်တွေ့ပြသသင်ကြားပေးခဲ့ကြောင်း သင်တန်းသူများကလည်း ပန်းအလှထိုးနည်း အမျိုးမျိုးအား သင်ကြားပေးရာတွင် စိတ်ဝင်စားတွင် ကြည့်ရှုလေ့လာခဲ့ကြောင်း သတင်းရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)