ပြည်ကြီးတံခွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ငလျင်ဘေးသင့်ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်း ဒုတိယအကြိမ် (အခမဲ့) ဆောင်ရွက်ပေး

ပြည်ကြီးတံခွန် မေ ၈

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၂၈.၃.၂၀၂၅) ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဘေးကြောင့် ငလျင်ဘေးသင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအား ဝမ်းပျက်၊ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ဒုတိယအကြိမ်အဖြစ် (အခမဲ့) ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဉီးစီးမှူး ဦးစီးအရာရှိ ဒေါ်မြတ်မိုးဦးနှင့် အဖွဲ့ဝင်များက ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်ရုံးမှ ဝန်ထမ်းများ၊ မြို့နယ်တရားဥပဒေရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ရဲစခန်းမှ ရဲဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့် ရပ်ကွက်နေ ပြည်သူများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကာကွယ်ဆေးကို ဧပြီ (၃၀)ရက်နေ့တွင် ပထမအကြိမ် တိုက်ကျွေးခဲ့ပြီး ယခုအခါ ဒုတိယကြိမ်အဖြစ် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း( ၉၀)ဦး တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)