မိတ္ထီလာမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ယိုးဒယားကြိုးဖြင့် လူသုံးကုန်ခြင်းယက်လုပ်နည်းသင်တန်းဖွင့်ပွဲကျင်းပ

မိတ္ထီလာ ဧပြီ ၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅ - ၂၀၂၆ခု ဘဏ္ဍာရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု ယိုးဒယားကြိုးဖြင့် ခြင်းယက်လုပ်နည်းသင်တန်းကို ယမန်နေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးနိုင်မင်းစိုးမှ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းက ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေး၊ ဝင်ငွေတိုးလုပ်ငန်းများ ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်စေရန်နှင် တစ်နိုင်တစ်ပိုင် ကိုယ်ထူကိုယ်ထလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်အတွက် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖြစ်သော ယိုးဒယားကြိုးဖြင့် လူသုံးကုန်ခြင်းယက်လုပ်နည်းသင်တန်းအား ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းသူများက သင်တန်းမှရရှသော အသိပညာ အတတ်ပညာများကို စဥ်ဆက်မပြတ် လေ့လာသင်ယူပြီး မိမိတို့ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက် လက်တွေ့ကျကျ အသုံးချပြီး မိသားစုစီးပွားရေးကို အထောက်အကူပြုစေနိုင်ရန်အတွက် ကြိုးစားသင်ယူကြရန် ပြောကြားခဲ့ပါသည်။

အဆိုပါ သင်တန်းကို မြို့နယ်တွင်းရှိကျေးရွာ ၈ ရွာမှ သင်တန်းသူဦးရေ  ၂၀  ဦး တက်ရောက်လျက်ရှိပြီး မေလ ၇ မှ ၁၆ ရက်နေ့အထိ သင်တန်းကာလ (၁၀) ရက်တိတိကို ကျွမ်းကျင်သင်တန်းနည်းပြ များမှ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)