G-12 တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအားCamp သွင်းထားရှိမှုကို လာရောက်ကြည့်ရှု

အမရပူရ မေ ၇

အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ လေးစုရပ်ကွက်ရှိ အမှတ် (၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် G-12  တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို Camp သွင်းထားရှိမှုကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်ထောင်စုပညာရေးဝန်ကြီး  Dr. ညွန့်ဖေနှင့် ဒုတိယဝန်ကြီးများပါဝင်သောအဖွဲ့မှ လာရောက်ကြည့်ရှုခဲ့သည်။

 အဆိုပါပြည်ထောင်စုပညာရေးဝန်ကြီးနှင့်အဖွဲ့အား၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ဦး၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့မှ ကြိုဆိုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုပညာရေးဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကျောင်းသား/သူများ Camp သွင်းထားမှု အခြေအနေများကို ကြည့်ရှုငလျင်ကြောင့်ပြိုကျ ပျက်စီးသွားသည့် စာသင်ဆောင်များ အခြေအနေများကိုကြည့်ရှုပြီး လိုအပ်သည်များကို အမြန်ပြန်လည်ပြုပြင်နိုင်ရေး၊ ကျောင်းဖွင်ချိန် ကျောင်းသားများ နေရာစာသင်ဆောင်များ ပြည့်မီရေးတို့ကို အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းတွင် Camp ဝင်သူယနေ့အချိန်ထိ ကျောင်းသား၊ ကျောင်းသူ ၅၀ ဦးရှိကြောင်း သိရသည်။

စိုးသီဟ(အမရ)