ကျောက်ပန်းတောင်း မေ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၂)လမှ (၅၉)လအရွယ်ရှိ ကလေးငယ်များအားလုံးကို ပိုလီယိုရောဂါ ကာကွယ်ဆေး (အစက်ချဆေး)ကို မြို့ပေါ် ရပ်ကွက်များအလိုက် လှည့်လည်တိုက်ကျွေးပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီက လွတ်လပ်ရေး ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၂)လမှ (၅)နှစ်အတွင်းရှိ ကလေးငယ်များအား ပိုလီယိုရောဂါ ကာကွယ်ဆေး (အစက်ချဆေး)ကို အရှိန်အဟုန်မြှင့် လှည့်လည်တိုက်ကျွေးပေးလျက်ရှိရာ၊ ယခုအကြိမ်သည် ဒုတိယအကြိမ် တိုက်ကျွေးခြင်းဖြစ်ကြောင်း သိရပြီး၊ ပထအကြိမ်ကို ၂၀၂၅ခုနှစ်၊ မတ်လတွင် တိုက်ကျွေးပြီးစီးခဲ့ကြောင်း သိရသည်။ ယခု ဒုတိယအကြိမ် တိုက်ကျွေးခြင်းကို တစ်ရက်လျှင် (၂)ရပ်ကွက် လှည့်လည်၍ ရပ်ကွက်ဓမ္မာရုံများ၊ အုပ်ချုပ်ရေးမှူးရုံးများတွင် စုရပ်ထားတိုက်ကျွေးပေးလျက်ရှိရာ ကလေးငယ်များ ရောဂါကင်းဝေးစေရေး အတွက် ကာကွယ်ဆေးအကြိမ်ပြည့် တိုက်ကျွေးနိုင်ရေးကို၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)