မိုးညှင်း မေ ၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် စခန်းသွင်းလေ့ကျင့်နေသည့် ကျောင်းသား ကျောင်းသူများအား အောင်ချက်မြင့်မားနိုင်ရေးအတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခဆရာမများက ယမန်နေ့မွန်းလွဲပိုင်းတွင် အနီးကပ် လာရောက်ပို့ချပေးလျက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် အမှတ်(၁)နှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများ၌ စခန်းသွင်း လေ့ကျင့်ဝင်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူများအား ဘောဂဗေဒဘာသာရပ်ကို လေ့လာ ကြည့်ရှုရာတွင် အခက်အခဲများမရှိစေရန်အတွက် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ ဆရာမများက အနီးကပ်လာရောက် သင်ကြားပို့ချက်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများမှ ဂရုတစိုက်လေ့လာမှတ်သား သင်ယူကြလျက်ရှိကြောင်း သိရသည်။
အဆိုပါလေ့ကျင့်သင်ကြား ပို့ချပေးနေမှုအခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ မိုးညှင်းတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်နှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း