ပုသိမ်ကြီး မေ ၇
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ ကျီကုန်းကျေးရွာတွင် ငလျင်ဘေးသင့်ပြည်သူများအား နိုင်ငံတော်မှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက အဆိုပါကျေးရွာဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများကို မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ရှိသူများက ထောက်ပံ့ငွေများ စနစ်တကျပေးအပ်နိုင်ရေး တာဝန်ရှိသူများ ပူးပေါင်းကာ ငလျင်ဘေးသင့် ပြည်သူများအား တစ်ဦးလျှင် ငါးသောင်းနှစ်ထောင်နှုန်းဖြင့် ပေးအပ်ထောက်ပံ့လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)