ပုသိမ်ကြီး မေ ၇
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာအုပ်စု၊ ကျောက်မီးကျေးရွာ ကျောက်မီးအ.ထ.ကကျောင်းသို့ ယမန်နေ့နံနက် ၈ နာရီအချိန်က Express ယာဥ်(၂)စီးဖြင့် ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ထမ်း (ကယ်ဆယ်ရေးအဖွဲ့) ဒေါက်တာ Mr. Kasemsuk Yothasamutr ပါ ၃၈ ဦးသည် ရောက်ရှိလာခဲ့ပြီး ကျေးရွာသူ/သားများအား ဆေးကုသများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ရာသို့ ဆေးကုသရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ထိုင်းနိုင်ငံသံအမတ်ကြီး Mr.Mongkol Visitstump နှင့် အဖွဲ့လာရောက်ကြည့်ရှုအားပေးပြီး ထောက်ပံ့ ပစ္စည်းများပေးအပ်ကာ ပြုပြင်ထားသော ကျောင်းဆောင်များအားကြည့်ရှုစစ်ဆေးပြီး ၁၁ နာရီခွဲ အချိန်တွင်ပြန်လည်ထွက်ခွာသွားခဲ့သည်။
အဆိုပါအဖွဲ့အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးအောင်၊ ကျောက်မီးတိုက်နယ်ဆေးရုံ ဒေါက်တာအောင်သီဟနှင့် ကျန်းမာရေး ဝန်ထမ်းများ၊ လ.ဝ.က တိုက်နယ်မှူးဦးအောင်နိုင်ဝင်း၊ ကျောင်းအုပ်ကြီးဦးမောင်မောင်နှင့် ဆရာ၊ ဆရာများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)