ကျောက်ဆည်မြို့၌ MERCY Malaysia အဖွဲ့သည် ငလျင်ဘေးသင့်ပြည်သူများအား ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်

ကျောက်ဆည် မေ‌ ၇

မန္တလေးတိုင်းဒေသကြီး၊   ကျောက်ဆည်ခရိုင်၊  ကျောက်ဆည်မြို့တွင်     MERCY Malaysia  အဖွဲ့မှ စိတ်ကျန်းမာရေးပညာရှင်နှင့် ကိုယ်ခန္ဓာပြန်လည်ကျန်းမာဖွံ့ဖြိုးရေး  ပညာရှင်များပါဝင်သော ဆေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးတွင်တွင် ငလျင်ဘေးသင့်ပြည်သူများအား ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆေးဝါများကုသပေးရာတွင် MERCY Malaysiaအဖွဲ့မှ Ms. Masniza Binti  Mustaffa ဦးဆောင်သော  စိတ်ကျန်းမာရေးပညာရှင်နှင့် ကိုယ်ခန္ဓာပြန်လည်ကျန်းမာဖွံ့ဖြိုးရေး  ပညာရှင်များ ပါဝင်သော ဆေးအဖွဲ့သည် အရေပြားရောဂါ၊ ထိခိုက်ဒဏ်ရာ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါနှင့် အခြားရောဂါများအား ဧပြီလ(၃၀)ရက်နေ့မှမေလ(၉)ရက်နေ့အထိ (၁၀)ရက် အကြာအခမဲ့ ဆေးကုသပေးသွားမည်ဖြစ်ပြီး နေ့စဉ်ငလျင်ဘေးသင့်ပြည်သူ (၁၂၀)ဦးခန့် ‌ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်