မြစ်သား မေ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် အခြေခံပညာနှင့် စက်မှုစိုက်ပျိူးမွေးမြူရေး အထက်တန်းကျောင်းတွင် တက္ကသိုလ်ဝင်တန်း Grade-12 စာမေးပွဲ ပြန်လည် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ် ဆေးတိုက်ကျွေးခြင်းကို ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဘုန်းမြတ်ကိုနှင့် ကျန်းမာရေးဝန်ထမ်းများကဦးဆောင်ကာ အဆိုပါကျောင်းတွင် တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်ဆေး တိုက်ကျွေးပေးခြင်းနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ပြည့်ဖြိုးဦးနှင့် တာဝန်ရှိသူများ၊ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသီတာနှင့်ဆရာ၊ ဆရာမများက ကာကွယ်ဆေးတိုက်ကျွေးနေမှုများကို လိုက်လံကြည့်ရှုအားပေးပြီးလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကျန်းမာရေးဝန်ထမ်းများက တက္ကသိုလ်ဝင်တန်းGrade-12 စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ကျောင်းသူ (၄၁၆)ဦးအား ဝမ်းပျက်ဝမ်းလျှောကာကွယ်ဆေး တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)