မလှိုင်မြို့နယ် တော်ဝင်ငွေစု/ငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၄- ၂၀၂၅ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကျင်းပ

မလှိုင် မေ ၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် တော်ဝင်ငွေစု/ငွေချေး သမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ နှစ်ပတ်လည်အရပ်အရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က မြို့နယ်သမဝါယမဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်လင်းကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှုဆောင်အဖွဲ့ဝင်မှ အသင်း၏၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရှင်းတမ်းနှင့် အစီရင်ခံစာများကို ဖတ်ကြားတင်သွင်းကာ အသင်းသားများ၏သဘောဆန္ဒများကို ရယူဆောင်ရွက်ခဲ့ပြီး၊ အခမ်းအနားသို့ တော်ဝင်ငွေစု/ငွေချေး သမဝါယမအသင်းသားများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး အသင်းသားများအား ဆန်၊ ဆီ၊ ကြက်ဥများပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)