ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည် မေ ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး ယမန်နေ့ မွန်းလွဲ (၁)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ အောင်ကိုဦး(UMK)ရေးသားသည့် လူငယ်တွေကို လမ်းဖွင့်ပေးပါစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာပေဖတ်ရှုလေ့လာရာတွင် ရရှိမည့်အကျိုးကျေးဇူးများ၊ ဗလငါးတန်နှင့် ပြည့်စုံရေး သုတ၊ ရသစာအုပ်စာစောင်များကို ဖတ်ရှုစေလိုကြောင်းပြောကြားခဲ့ပြီး ကျောက်ဆည် မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်သန်း (မောင်ခိုင်ကျော်-ကျောက်ဆည်)က ဖြစ်ခြင်တာ လေးတွေ ဖြစ်ခွင့်ရပါစေ၊ အားနည်းချက်လား  အားသားချက်လား၊ လူငယ်တွေကို လမ်းဖွင့်ပေးပါနှင့် ကိုယ်ရဲ့ ပင်ကိုယ်စွမ်းရည်က ဘာလဲ စသည့်အကြောင်းအရာများ ဆွေးနွေးခဲ့ပြီး  တက်ရောက်လာသည့် စာပေချစ်မြတ်နိုးသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်များအသိပညာ ဗဟုသုတများရရှိပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် လစဉ် အသိပညာပေး ဟောပြောပွဲများ၊ ပြပွဲ၊ပြိုင်ပွဲများ၊ သင်တန်းများနှင့်စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

အောင်ပိုင်ပိုင်ကျော်