မိတ္ထီလာ မေ ၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆည်ရေကန်ရေဖြင့် နွေစပါးသီးနှံ စိုက်ဧက ၄၈၇၁ ဧက စိုက်ပျိုးနိုင်ခဲ့ရာ စိုက်ပျိုးထားရှိသည့် နွေစပါးစိုက်ဧကများ ပန်းတိုင် အထွက်နှုန်းရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များတွင် ဆည်ရေ၊ ကန်ရေအပြင် စက်ရေတွင်းများဖြင့် နွေစပါးသီးနှံ စိုက်ပျိုးနိုင်ရေး လျာထားပြီး စိုက်ပျိုးလျက်ရှိသည်။ ထိုသို့စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် မိတ္ထီလာခရိုင် အတွင်းရှိ မိတ္ထီလာကန်၊ မုန်တိုင်၊ ချောင်းကောက်၊ သင်ပုန်းဆည်၊ မင်းလှကန်၊ စမုံဆည်၊ ကင်းတားဆည်၊ တောင်ပုလုကန် ပုဂ္ဂလိကဆည်၊ ဆိုလာရေတင်နှင့် လျှပ်စစ်ရေတင်တို့ဖြင့် မိတ္ထီလာမြို့နယ်တွင် နွေစပါးစိုက်ပျိုးဧက ၇၀၈ ဧက၊ မလှိုင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးဧက ၁၆၉ ဧက၊ သာစည်မြို့နယ်တွင် နွေစပါးစိုက်ပျိုးဧက ၆၉၅ ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် နွေစပါး စိုက်ပျိုးဧက ၃၂၉၉ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါနွေစပါးစိုက်ဧကများ ပန်းတိုင်အထွက်ရရှိရေး စိုက်ပျိုးရေးဦးစီးဌာနမှ နွေစပါးစိုက်ပျိုးမည့် တောင်သူများနှင့်တွေ့ဆုံ၍ အထွက်နှုန်ကောင်းသည့် မျိုးစေ့၊ စိုက်နည်းစနစ်၊ ရေပေးနိုင်မည့် အခြေအနေများ၊ သီးနှံကာကွယ်ဆေးနှင့် ဓာတ်မြေဩဇာထည့်သွင်ခြင်း၊ လယ်မြေပြုပြင်ခြင်းလုပ်ငန်းများ စသည့်စိုက်ပျိုးနည်းပညာများကို အသိပညာပေး ဆွေးနွေးခြင်းနှင့် စိုက်ပျိုးသည့်အချိန်မှ ရိတ်သိမ်းခြွေလေ့အချိန်အထိ စိုက်ပျိုးရေးဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)