မဟာအောင်မြေမြို့နယ်၌ ငလျင်ဘေးသင့်ပြည်သူများအား အခြေခံစားသောက်ကုန်များကို အထူးသက်သာစျေးနှုန်းဖြင့် ရောင်းချပေး

မဟာအောင်မြေ  မေ ၇

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဈေးနှင့်သားသတ်ဌာန ဌာနမှူးကြီးကြပ်၍ မေလ ၅ ရက်နေ့​​နံနက်ပိုင်းက မြို့နေလူထု ဆန်၊ ဆီ၊ အသား၊ ငါး စားသောက်ကုန်များအား သက်သာသောနှုန်းထား‌ဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး‌ နေ့စဥ် ဈေးရောင်းကား၂ စီးဖြင့် ၆ မြို့နယ် လှည့်လည်ရောင်းချလျက်ရှိရာ​​ မဟာအောင်မြေမြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ ၇၃ လမ်း၌ အ‌‌ခြေခံစားသောက်ကုန် အရောင်းဆိုင်(၁)အားလည်းကောင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၆ လမ်း၊ ၅၈ လမ်းနှင့် ၅၈ အေလမ်းကြား၌ အ‌ခြေခံ စားသောက် ကုန် အရောင်းဆိုင်(၂)အားလည်းကောင်း - ဆန် ၁ ပြည် ၄၀၀၀ ကျပ်၊- ဆီ ၁ ပိဿာ ၈၅၀၀ ကျပ်၊- ဆား ၅၀ ကျပ်သား ၆၅၀ ကျပ်၊- ငရုတ်သီးအကြမ်းမှုန့် ၁၀ ကျပ်သား ၁၅၀၀ ကျပ်၊- ကုလားပဲ ၂၅ ကျပ်သား ၁၈၀၀ ကျပ်၊- ဝက်သား ၁ ပိဿာ ၂၆၀၀၀ ကျပ်၊- အမဲ ၁ ပိဿာ ၂၅၀၀၀ ကျပ်၊- ဆိတ် ၁ ပိဿာ ၂၈၀၀၀ ကျပ်၊- ကြက်သား ၁ ပိဿာ ၂၀၀၀၀ ကျပ်- ငါးမျိုးစုံ၊- ဟင်းသီးဟင်းရွက်မျိုးစုံ၊- ကြက်ဥ ၁ လုံး ၄၀၀ ကျပ်နှင့်- ဘဲဥ ၁ လုံး ၅၅၀ ကျပ်တို့ဖြင့်ပြည်သူလူထု အလွယ်တကူ ဝယ်ယူနိုင်စေရန် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း