ချမ်းအေးသာစံ မေ ၇
ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ ၈၀လမ်း၊၂၉*၃၀လမ်းကြားရှိ အမှတ်(၁၅) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော Camp (စခန်းသွင်း) သင်ကြားနေမှုများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ ဒေါက်တာမောင်သင်းသည် ယမန်နေ့မွန်းလွဲပိုင်းတွင် လာရောက်ကြည့်ရှုခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်နှင့် မန္တလေးတိုင်း တာဝန်ခံ ဒေါက်တာမောင်သင်း၊ တိုင်းအတွင်းရေးမှူး ဦးညွန့်ဆောင်၊ တိုင်းကော်မတီဝင် ဦးမျိုးမြင့်၊ ဒေါ်သိင်္ဂီအောင်၊ ဦးအောင်နိုင်ဦး၊ မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်း ခရိုင်ဥက္ကဋ္ဌ ဦးမြင့်သန်း၊ ချမ်းအေးသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်ကျော်ဌေး၊ အတွင်းရေးမှူး ဦးဆန်းမောင်နှင့် ပါတီကော်မတီဝင်များ လာရောက်အားပေးခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိမ့်စိမ့်လွှမ်းနှင့် Campတာဝန်ခံ ဆရာမကြီး ဒေါ်မြင့်မြင့်စန်းမှ ကြိုဆိုခဲ့ကြသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒေါက်တာမောင်သင်းနှင့် တာဝန်ရှိသူများသည် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး အားပေးစကားများပြောကြားခဲ့သည်။ ထို့နောက် သင်ကြားရေးလုပ်ငန်းများတွင် အထောက်အကူပြုရန်အတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မန္တလေးတိုင်းဒေသကြီးမှ အလှူငွေ(၃၇၅၀၀၀) ကျပ်ပေးလှူခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိမ့်စိမ့်လွှမ်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်