မန္တလေး မေ ၇
မန္တလေး၊အောင်မြေသာစံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယမန်နေ့နံနက်ပိုင်းက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးဗဟိုအကျဉ်းထောင်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Pfizer)ထိုးနှံပေးခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေး (OraVacs)ပထမအကြိမ် တိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန့်ဇင်လင်း ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက အကျဉ်းဦးစီးဌာန၊ ဗဟိုအကျဉ်းထောင် (မန္တလေး)မှ အကျဉ်းသား၊ အကျဉ်းသူများ၊ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုဝင်စုစုပေါင်း (၁၇၆၁)ဦးတို့အား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး(Pfizer)ထိုးနှံပေးခြင်းနှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ဟန့်တားကာကွယ်ဆေး(OraVacs)ပထမအကြိမ် တိုက်ကျွေးခြင်းလုပ်ငန်းဆောင်ရွက်ကြရာ အကျဉ်ထောင်တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)