ယာယီနေရပ်စွန့်ခွာပြည်သူများအား ဖေဖော်ဝါရီလနှင့်မတ်လတို့အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ ကျောက်တံတားမြို့နယ်၌ ကျင်းပ

ကျောက်တံတား မေ ၆

ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာ၍ ကျောက်တံတားတားမြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများအား ဖေဖော်ဝါရီလနှင့်မတ်လတို့အတွက် ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစံကျော်က အဖွင့်အမှာစကားပြောကြား၍ ကျောက်တံတားမြို့နယ် ထောက်ပံ့ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးမှ ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြပြီး ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးစံကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များမှ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာ၍ ကျောက်တံတားမြို့နယ်အတွင်းသို့ ရောက်ရှိလာသည့် ပြည်သူများအား ဖေဖော်ဝါရီလနှင့်မတ်လတို့အတွက် ထောက်ပံ့ငွေများအား ပြည်သူတစ်ဦးလျှင် (၄၀၀၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု (၅၃)စု၊ လူဦးရေ (၁၄၇)ဦးတို့အား စုစုပေါင်းကျပ် (၅၈၈၀၀၀၀)အား လက်ဝယ်သို့ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ ယာယီနေရပ်စွန့်ခွာ ပြည်သူများ၏ကိုယ်စား ကိုယ်စားလှယ်(၁)ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါအခမ်းအနားသို့ ကျောက်တံတားခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂)ဦးစံကျော်၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ထောက်ပံ့ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ စုစုပေါင်း (၁၇၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ကျောက်တံတား (ပြန်/ဆက်)