ကျောက်ဆည်မြို့နယ်မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းရှိ ကျေးရွာ(၄)ရွာတွင် နွေသီးနှံ နွေစပါး (၁၆၆၂) ဧကလျာထားစိုက်ပျိုး

ကျောက်ဆည် မေ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းပဲမျိုးစုံဖူလုံပိုလျှံရေး နွေပဲသီးနှံများတိုးချဲ့စိုက်ပျိုးလျက်ရှိရာ မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် နွေစပါး (၁၆၆၂) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

မင်းရဲစိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းတွင် ကျေးရွာအုပ်စုပေါင်း(၁၂)အုပ်စုရှိပြီး နွေစပါးသီးနှံများကို တောင်နောက်ကျေးရွာအုပ်စုတွင် (၃၃၂)ဧက၊ သင်တောင်းကျေးရွာ အုပ်စုတွင်(၇၂၄)ဧက၊ အင်ဒိုင်းကျေးရွာအုပ်စုတွင်(၅၉၆)ဧက၊ ဖောင်ရွာကျေးရွာအုပ်စုတွင်(၁၀)ဧက စုစုပေါင်း(၁၆၆၂)ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။  

ကျောက်ဆည်မြို့နယ်တွင် နွေစပါးသီးနှံများကို စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်း(၆)ခုတွင် (၁၉၉၈၀)ဧကလျာထားစိုက်ပျိုးလျက်ရှိပြီး နွေစပါးသီးနှံများအောင်မြင်ဖြစ်ထွန်းစေရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေပေးမြောင်းများအလိုက် စိုက်ပျိုးရေများ လုံလောက်စွာ အလှည့်ကျစနစ်ဖြင့် စိုက်ပျိုးရေများပေးဝေလျက်ရှိကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)