မြဝတီ မေ ၆
၂၀၂၅ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၉)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် ၁၀ နာရီတွင် မြဝတီခရိုင်မီးသတ်ဦးစီးဌာနရုံးခန်းမ၌ ဘုရားကြီးကျောင်းတိုက်မှ သံဃာတော်၊ အရှင်သူမြတ်(၅)ပါးတို့အား နေ့ဆွမ်းများဖြင့် ဆပ်ကပ်လှူဒါန်းသည်။
အဆိုပါ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပွဲကို မြဝတီခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးမင်းဇော် ဦးဆောင်ပြီး ခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာန သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့များနှင့် မိသားစုဝင်များက သံဃာတော်၊ အရှင်သူမြတ်တို့အား နေ့ဆွမ်း၊ ဘောဇဉ်နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆပ်ကပ်လှူဒါန်း ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး တက်ရောက်လာကြသည့် ဧည့်သည်တော်များအား မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်ချက်များကို Video Clip ဖြင့်ပြသခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)