ရန်ကုန်၊ မေ ၆
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ ၄ ရက်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်၊ မြို့သစ်(က+ခ)ရပ်ကွက်၊ ဖောင်တော်ဦးဘုန်းကြီးကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ကွင်းဆင်းဆောင်ရွက်ပေးရာတွင် အင်းစိန်မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဦးစီးမှူးဦးညီညီစိုး၏ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက အသက်(၁၆-၁၈)နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများနှင့် အသက်(၁၈)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရေသေးသူများပြည်သူစုစုပေါင်း(၅၃)ဦးအား ဆောင်ရွက်ပေးခဲ့ပြီး အင်းစိန် မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကွင်းဆင်း၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဇွဲထက်ကို