သံတောင်ကြီးမြို့နယ်တွင် ရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများ ဈေးကောင်းရရှိကောင်းသော်လည်း အထွက်နှုန်းကျဆင်း

သံတောင်ကြီး မေ ၆

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း၊ ဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီး စသည့် နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင် အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ လိုင်ချီးသီးပင်စိုက်ပျိုးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ပေါ်ဦးပေါ်ဖျား ရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများ ဈေးကောင်းရရှိသော်လည်း အထွက်နှုန်းကျဆင်းကြောင်း သိရသည်။

သံတောင်ကြီးဒေသ ယခုနှစ်တွင်  လိုင်ချီးပင်များ လှိုင်လှိုင်ဖူးပွင့်လျက်ရှိသော်လည်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းများကြောင့် လိုင်ချီးအဖူးအပွင့်များ ကြွေကျသည့်အတွက် အသီးထွက်နှုန်း လျော့နည်းကြောင်း ယခုနှစ်လိုင်ချီးသီး အလုံး(၁၀၀)တစ်ထုပ်လျှင် ကျပ်(၄၅၀၀)မှ ကျပ်(၅၀၀၀)အထိ ရရှိကြောင်း လိုင်ချီးစိုက်ပျိုးလုပ်ကိုင်သူ တောင်သူ ဦးစောသာဝါးထံက သိရသည်

နော်နော်မူ (ပြန်/ဆက်)