သံတောင်ကြီးမြို့နယ်တွင် ရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများဈေးကောင်းရရှိကောင်းသော်လည်း အထွက်နှုန်းကျဆင်း

သံတောင်ကြီး  မေ ၆

ကရင်ပြည်နယ်၊  သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း ဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီးစသည့်နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းမှုအဖြင့် အဓိကစိုက်ပျိုး လုပ်ကိုင်လျက်ရှိရာ လိုင်ချီးသီးပင်စိုက်ပျိုးခြင်းသည်လည်းတစ်ခုအပါအဝင်ဖြစ်ပြီးယခုနှစ်တွင် ပေါ်ဦးပေါ်ဖျားရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများဈေးကောင်းရရှိသော်လည်း အထွက်နှုန်း ကျဆင်းကြောင်းသိရသည်။

သံတောင်ကြီးဒေသ ယခုနှစ်တွင်  လိုင်ချီးပင်များလှိုင်လှိုင်ဖူးပွင့်လျက်ရှိသော်လည်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊  လေပြင်းတိုက်ခြင်းများကြောင့်   လိုင်ချီးအဖူးအပွင့်များကြွေကျသည့်အတွက် အသီး ထွက်နှုန်းလျော့နည်းကြောင်း  ယခုနှစ်လိုင်ချီးသီး အလုံး(၁၀၀)တစ်ထုပ်လျှင်   ကျပ်(၄၅၀၀)မှ ကျပ်(၅၀၀၀)အထိရ ရှိကြောင်းလိုင်ချီး စိုက်ပျိုးလုပ်ကိုင်သူတောင်သူဦးစောသာဝါးထံက သိရသည်။

နော်နော်မူ