လိပ်သိုဒေသထွက် သဘာဝအော်ဂဲနစ် ငှက်ပျောသီးများ ဈေးကောင်းရရှိ

လိပ်သို မေ ၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာများမှ ဒေသခံများမှာ မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေရရှိစေရန် နှစ်ရှည်၊ နှစ်တိုသီးနှံပင်များကို စိုက်ပျိုးလျက်ရှိကြရာ ငှက်ပျောမျိုးစုံကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားကြပြီး ဒေသထွက် ငှက်ပျောသီးများ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။

ဒေသခံများမှာ ငှက်ပျောပင်များကို မိမိတို့၏ ဥယျာဉ်ခြံမြေနှင့် တောင်ယာများတွင် ကြားညှပ်သီးနှံအဖြစ်လည်းကောင်း၊ အိမ်ခြံဝင်းအတွင်းရှိ မြေလွတ်မြေလပ်များတွင် တစ်နိုင်တစ်ပိုင်အဖြစ်လည်းကောင်း သီးမွှေး၊ ရွှေနီ၊ ရွှေဖြူ၊ ရခိုင်၊ ဖီးကြမ်း စသည့် ငှက်ပျောမျိုးများကို စိုက်ပျိုးကြကြောင်း သိရသည်။

ဒေသထွက် သဘာဝအော်ဂဲနစ် ငှက်ပျောသီးများမှာ လိပ်သိုမြို့ပေါ်ရှိ ဈေးဆိုင်များတွင် အမျိုးအစားနှင့် အရွယ် အစားပေါ်မူတည်၍ ငှက်ပျောတစ်ဖီးလျှင် (၃၀၀ဝိ/-) ကျပ်မှ (၃၅၀ဝိ/-) ကျပ်အထိ ဈေးကောင်းရလျက်ရှိကြောင်း၊ ဒေသခံအချို့မှာ ငှက်ပျောသီးများကို ပျားရည်စိမ်ပြီး အခြောက်လှန်းကာ ငှက်ပျောခြောက်များ ပြုလုပ်ရောင်းချလျက်ရှိကြကြောင်း သိရသည်။

ခင်လေးနွယ်