(၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်

ဘားအံ မေ ၂

၂၀၂၅ ခုနှစ်၊ မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက် (၁၁) နာရီအချိန်က ဘားအံမြို့၊ ကရင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံးတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာန တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များစုပေါင်း၍ ကရင်ပြည်နယ် သံဃာ့နာယကဥက္ကဋ္ဌ (ရွှေကျင်) ဆရာတော်အမှူးထား၍ သံဃာတော် (၅) ပါးတို့အား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်များထံမှ ငါးပါးသီလခံယူခြင်းနှင့် အန္တရာယ်ကင်းပရိတ်တရားနာယူခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းကို  ပြည်နယ်/ ခရိုင်/ မြို့နယ်များ စုပေါင်း၍ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)