မြဝတီ မေ ၁
ကရင်ပြည်နယ် မြဝတီမြို့၌ မေလ ၁ ရက်နေ့တွင် ကျရောက်သည့် (၈၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ အခမ်းအနားကို ကရင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဌာန၊ မြဝတီမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးမှ ယနေ့ နံနက် ၈ နာရီတွင် အ.ထ.က (၁) မြဝတီ အထက်တန်းကျောင်းခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို အ.ထ.က(ခွဲ)(၃)မြဝတီမှ ကျောင်းသား၊ ကျောင်းသူလေးများက “အသီးတစ်ရာအညှာတစ်ခု” သီချင်းဖြင့် ဧည့်ခံသရုပ်ပြ သီဆိုဖွင့်လှစ်ပေးခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ သဝဏ်လွှာကို မြဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က ဖတ်ကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်စီမံအဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၊ မြို့နယ်စီမံအဖွဲ့ဝင်(၁)ဗိုလ်မှူးညီညီလွင်၊ မြို့နယ်စီမံ အဖွဲ့ဝင်(၂) ဦးအောင်မျိုးထွန်းနှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ထူးချွန်ဆု ရရှိခဲ့ကြသည့် မြဝတီမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးမှ (ကာယ-ဉာဏ) ပြည်သူ့ဝန်ထမ်း လုပ်သားကြီးများအား လုပ်အားထူးချွန်ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး မြဝတီမြို့နယ် ကုန်တင်ကုန်ချကော်မတီရုံးမှ မြို့နယ်ဦးစီးဌာနမှူး၊ ဦးစီးအရာရှိ ဦးနိုင်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရသည်။
ခရိုင်/ပြန်ဆက်