ဘားအံ ဧပြီ ၃၀
ကရင်ပြည်နယ်၊ ဘားအံမြို့၌ မိုးစပါးများစိုက်ပျိုးနိုင်ရန်အတွက် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းများဖြစ်သော ဘားအံမြို့နယ် နောင်လုံအနောက်ကျေးရွာ မိသားစုစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်း၊ ဝင်းကျန်ကျေးရွာ အောင်သပြေ လယ်ယာနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းနှင့် အောင်သစ်ဆန်း စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းများသို့ ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးသည် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်း၍ အသင်းအမှုဆောင်များ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်သော အသင်းသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ကရင်ပြည်နယ် သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားများအနေဖြင့် သမဝါယမဦးစီးဌာန၏ လုပ်ငန်းစဉ်များဖြင့် အသင်းသားတောင်သူများ ထောက်ပံ့ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းဆွေးနွေး၍ ယခုမိုးရာသီတွင် မိုးစပါးစိုက်ပျိုးသည် အသင်းသားများအား သွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးနိုင်ရေး အထွက်နှုန်းကောင်းမျိုးစပါးများ ပြောင်းလဲစိုက်ပျိုးနိုင်ရေး၊ သွင်းအားစုများအား ဝယ်ယူရောင်းချပေးမည့် အစီအစဉ်များ၊ စိုက်ပျိုးရေးဦးစီးဌာနနှင့်ချိတ်ဆက်၍ ပညာပေးဆွေးနွေးပေးမည့် အစီအစဉ်များ ဒေသတွင်းစာရေးရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းများ၊ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး သမဝါယမကဏ္ဍအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)