လိပ်သို ဧပြီ ၂၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ ဥယျာဉ်ခြံလုပ်ငန်း၊ တောင်ယာလုပ်ငန်းအပြင် မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းအနေဖြင့် ဒေသဝက်များကို မွေးမြူလျက်ရှိနေကြောင်း သိရသည်။
ဒေသခံများမှာ ဝက်သားပေါက်များကို ဝယ်ယူကာ မိမိတို့၏ အိမ်ခြံဝင်းများအတွင်း၌ ဝက်ခြံများဆောက်၍ တစ်နိုင်တစ်ပိုင်မွေးမြူကြကြောင်း၊ ဒေသဝက်များ မွေးမြူရာတွင် ကုန်ကျစရိတ် သက်သာစေရန် ငှက်ပျောပင်များ၊ ဖွဲနုများနှင့် ဆန်ကြမ်းများကို ကျွေးမွေးခြင်း ဖြင့် မွေးမြူကြကြောင်း၊ ဝက်မွေးမြူရာတွင် ဝက်နာမကျစေရန်၊ မွေးမြူသည့်နေရာ လေကောင်းလေသန့်ရရှိရန်နှင့် သန့်ရှင်းမှုကို ဂရုစိုက်ရမည်ဖြစ်ကြောင်း ဒေသဝက်မွေးမြူသူ တစ်ဦးထံမှ သိရသည်။
လိပ်သိုမြို့ပေါ်၌ ဝက်သားတစ်ပိဿာလျှင် (၃၀၀၀ဝိ/-) ကျပ်နှင့် ဒေသဝက် တစ်ကောင်လျှင် အရွယ်အစားအလိုက် ငွေကျပ် (၁၂) သိန်းမှ (၁၈) သိန်းအထိ ရောင်းချရကြောင်း၊ ယခင်က အိမ်တိုင်းလိုလို၌ပင် ဝက်များကို မွေးမြူကြသော်လည်း ယခုကာလတွင် ဝက်သားပေါက်များ ဈေးနှုန်းကြီးမြင့်လာမှုကြောင့် ဝက်မွေးမြူသူနည်းပါးလာလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (ပြန်/ဆက်)