မိုင်းနောင်မြို့ မင်္ဂလာရန်အောင်ကျောင်းတိုက်တွင် ရှင်သာမဏေများ နွေရာသီ (SummarSchool) စာမေးပွဲဖြေဆို

မိုင်းနောင် ဧပြီ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ မင်္ဂလာရန်အောင်ကျောင်းတိုက်တွင် ရှင်သာမဏေများ နွေရာသီ(Summar School) စာမေးပွဲကို အေးချမ်းပျော်ရွှင်စွာဖြေဆိုခဲ့ကြောင်း သိရသည်။

မိုင်းနောင်မြို့ မင်္ဂလာရန်အောင်ကျောင်းတိုက်တွင် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးမှ နွေရာသီ (Summar School) သင်တန်းသို့ တက်ရောက်ပညာသင်ကြားနေသော ရှင်သာမဏေများအားလုံး အသိပညာဗဟုသုတများ ရရှိစေရေး၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ကာ ဘာသာ၊ သာသနာ့အမွေများ ခံယူနိုင်ရေးနှင့် သာသနာပြန့်ပွားရေးလုပ်ငန်းများကို အဆင်ပြေပြေဆောင်ရွက်နိုင်ရေးအတွက် ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ကြောင်း သိရသည်။

နွေရာသီ(SummarSchool)တွင် တက်ရောက်ပညာသင်ကြားနေသော ရှင်သာမဏေများ စာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် သင်တန်းကြီးကြပ်သူ ဆရာတော်များနှင့် တာဝန်ရှိသူများ၊ နည်းပြဆရာတော်များနှင့် ဆရာ/ဆရာမများက အနီးကပ်ကြီးကြပ်၍ ဆောင်ရွက်ပေးကြောင်း သိရသည်။

မနန်း(မိုင်းနောင်)