ကရသူရိ ဧပြီ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးကို စနစ်တကျ အသုံးပြုတတ်စေရေး တစ်အိမ်/တက်ဆင်း လိုက်လံစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ခြင်းကို ကရသူရိမြို့ မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းတို့ ပူးပေါင်း၍ လျှပ်စစ်မီး၊ ဝါယာကြိုး၊ မီးသွေးမီး၊ ထင်းမီး၊ ဂက်စ်မီး စသည့် မီးသုံးစွဲမှု အခြေအနေများအားလည်းကောင်း၊ အိမ်တွင်း/အိမ်ပြင် မီးလောင်မှု လွယ်ကူစေသည့် ပစ္စည်းများ ရှိ/မရှိ စစ်ဆေးခြင်း၊ မီဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်နာ ဆောင်ရွက်ချက်များနှင့် မီးလောင်မှုဖြစ်ပေါ်လာပါက လတ်တလော မီးငြှိမ်းသတ်နည်းများကို
ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းသည် ဒေသခံပြည်သူများအနေဖြင့် မီးကို ပေါ့ဆစွာ အသုံးမပြုစေရေး၊ သတ်မှတ်ထားသည့် နည်းလမ်းများအတိုင်း လိုက်နာဆောင်ရွက်နိုင်ရေး နှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေး စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)