ကွမ်းခြံကုန်း ဧပြီ ၂၈
မေလ(၅)ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဧပြီလ(၂၈)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ မင်းပိုင်းရပ်ကွက်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများနှင့် စစ်ဆေးခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ရပ်ကွက်/ကျေးရွာများအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း၊ ပြည်သူများကိုလည်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းနှင့် ရပ်ကွက်/ကျေးရွာနေအိမ်များအတွင်း တအိမ်တက်ဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)