ရန်ကုန် ဧပြီ ၂၈
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် နွေရာသီအခြေခံဒီပလိုမာသင်တန်းကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာရှင်းသန့်ခန်းမ၌ ဆက်လက်သင်ကြားပို့ချလျက်ရှိသည်။
အဆိုပါသင်တန်းတွင် အခြေခံပညာမှုလတန်းအဆင့်ကျောင်းများမှ ဆရာ၊ ဆရာမ (၂၇၉) ဦးတို့အား သင်တန်းနည်းပြဆရာ၊ ဆရာမ(၂၇)ဦးတို့က စာတွေ့၊ လက်တွေ့သင်ကြားပို့ချလျက်ရှိရာ သင်တန်းကာလမှာ မတ်လ(၂၄)ရက်နေ့မှ မေလ(၃၀)ရက်နေ့ထိ စာတွေ့၊ လက်တွေသင်ကြားပိုချလျက်ရှိကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)