မိုင်းယောင်း၌ ရွှေသင်္ကန်း ဆက်ကပ်လှူဒါန်း

မိုင်းယောင်း ဧပြီ ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် မိုင်းယောင်းမြို့နယ် သာသနာရေးမှူးတို့သည် ယနေ့နံနက်ပိုင်းက ဓါတ်လုံစေတီတော်အား ရွှေသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဝမ်ကောင်းကျေးရွာအုပ်စု၊ ဝမ်တောင်းကျေးရွာအနီး မဟိယင်္ဂဏတောင်ကုန်းပေါ်ရှိ ထပ်လုံ(ဓါတ်လုံစွမ်ယောင်း)စေတီတော်မြတ်သည် မိုင်းယောင်းမြို့၏ အမြင့်မြတ်ဆုံးနှင့် ရှေးအကျဆုံးသမိုင်းဝင်စေတီတစ်ဆူဖြစ်ပြီး ဂေါတမမြတ်စွာဘုရား၏ ဆံတော်ရှစ်ဆူနှင့် ဓါတ်တော်လေးဆူတို့ဖြင့် ဌာပနာထားသည့် စေတီတော်မြတ်ကြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)