မိုးနဲမြို့နယ် လွိုင်လင်စံပြကျေးရွာ လွိုင်လင်ဘုန်း‌တော်ကြီးကျောင်းတိုက်ရှိ စေတီတော်များတွင် ထီးတော်များ တင်လှူပူဇော်

မိုးနဲ ဧပြီ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် လွိုင်လင်စံပြကျေးရွာ လွိုင်လင်ဘုန်းတော်ကြီးကျောင်းတိုက်ရှိ စေတီတော်များ ထီးတော်တင်လှူခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ပုံလို့တောရဆရာတော်ဘုရားကြီး ဘဒ္ဒန္တပညာစာရ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မာဌာနာစရိယ ပြည်တွင်းပြည်ပ သာသနာပြုဆရာတော်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဘုရားကျောင်းသိမ် ရဟန်းဒါယကာ မကျိုင်းပြည်သူ့စစ်ဌာနေဥက္ကဋ္ဌ ဒေါက်တာ စဝ်လှိုင်းဆိုင်ဟိန်း (သဒ္ဒမ္မဇောတိကဓဇ)နှင့် ဒါယိကာမများ၊ ပန်လှိုင်းဆိုင်၊ နမ့်မော်လေ၊ လွိုင်လင်ကျေးရွာတို့မှ ပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာ‌ စေတီတော်ခြောက်ဆူရှိ ထီးတော်၊ စိန်ဖူးတော်များကို ပုံလို့တောရဆရာတော်ဘုရားကြီး၊ ဘော်ကြိုဆရာတော်ဘုရားကြီး၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် အလှူရှင် မကျိုင်း ပြည်သူ့စစ်ဌာနေဥက္ကဋ္ဌတို့က တင်လှူပူဇော်ခဲ့ကြပြီး ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။

ထို့နောက် ထီးတော်၊ စိန်ဖူးတော်၊ သိမ်၊ ပုံလို့တောရဆရာတော်ဘုရားကြီး၏ စံကျောင်းတော်၊ ဇရပ်၊ မီးဖိုဆောင်နှင့် ကုဋီ စသည့်လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)