ပိုင်ကျုံ ဧပြီ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “စာအုပ်ကလူကိုပြုပြင်တယ်” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် စာအုပ်ပါအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး ”ဘယ်လိုအမေလဲ” ခေါင်းစဉ်ဖြင့်နော်မက်ဒေါနားမှလည်ကောင်း၊ “စာအုပ်က လူကိုပြုပြင်ပါတယ်” ခေါင်းစဉ်ဖြင့် ဒေါ်ကြာစေးမှလည်းကောင်း၊ “အလှကိုယ်စီ ဆောင်သည်ချည်းပင်” ခေါင်းစဉ်ဖြင့် နော်မုဝါစိုးမှလည်းကောင်း အသီးသီးဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ဆွေးနွေးပွဲတွင် တက်ရောက်လာသည့် အဖွဲ့ဝင် များတို့မှ မိမိတို့သိရှိသည့် အသိပညာများကို အပြန်အလှန် ဆွေးနွေးခဲ့သည်။
ပိုင်ကျုံမြို့ ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းကြောင့် စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်းအချင်းချင်း တစ်ဦးနှင့် တစ်စာပေအသိပညာများ နှီးနှောဖလှယ်နိုင်ပြီး အကောင်းအဆိုးများကိုလည်း ဝေဖန်ပိုင်းခြားလာနိုင်ပါကြောင်း သိရသည်။
နော်ခူး( ပြန်/ဆက် )