ကော့သောင်းနယ်စပ်ဂိတ်မှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်များအား နေရပ်ဒေသ အသီးသီးသို့ ပြန်လည်ပို့ဆောင်

ကော့သောင်း ဧပြီ ၂၅

နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသား အမျိုးသား (၁၇၅) ဦး ၊ အမျိုးသမီး(၃၆)ဦး ၊စုစုပေါင်း (၂၁၁)ဦးအား ယနေ့မွန်းတည့်ပိုင်းက ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းမြို့မှ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လွှဲပြောင်းပေးအပ်ခဲ့ရာ ပြန်လည်ဝင်ရောက်လာသူများအား ကျန်းမာ‌ရေးစစ်ဆေးမှုများ အထူးကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတစ်လျောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်ငံအတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦး‌နိုင်လင်းထက်နှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားပြီး ကျန်းမာရေးဌာနနှင့် သက်ဆိုင်ရာ ဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်း ရှိ/မရှိ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး အဆိုပါ ပြန်လည်ဝင်ရောက်လာသူများကို ကိုယ်ရေး မှတ်တမ်းများ ကောက်ယူခြင်းနှင့် ကျန်းမာ‌ရေးစစ်ဆေးမှုများ ဆောင်ရွက်ပြီး  မိမိတို့နေရပ်ဒေသ အသီးသီးသို့ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)