ချမ်းအေးသာစံ ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကောင်စစ်ဝန် ချုပ်ရုံးမှ ဒုတိယကောင်စစ်ဝန်ချုပ် Mr. Zhang Wei နှင့် China Public Health Team အား ဧပြီလ(၂၃)ရက်နေ့နံနက်ပိုင်းက မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ လက်ခံတွေ့ဆုံစဉ် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားရသော လူထုများရှိ နေရာဒေသများတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးနေမှုများ၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်စဉ် ကျန်းမာရေးကဏ္ဍ၌ ပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တရုတ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေး ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်