ကရသူရိ ဧပြီ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ စာဖတ်ပရိသတ်ကလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်၍ စိတ်ရွှင်လန်းစေရေး ပြိုင်ပွဲများကျင်းပခြင်းကို ယမန်နေ့ ညနေ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ပြုလုပ်ခဲ့ ကြောင်းသိရသည်။
နွေရာသီကျောင်းပိတ်ရက်၌ စာကြည့်တိုက်သို့လာရောက်၍ စာအုပ်/စာပေများဖတ်ရှုူလျက်ရှိသည့် ကျောင်းသား/သူကလေးများ အသိ ပညာဗဟုသုတရရှိရေး၊ ဉာဏ်ရည်/ဉာဏ်သွေးထက်မြက်ရေး ၎င်းတို့ကြိုက်နှစ်သက်သည့် ဒိုးဆက်ကစားခြင်း၊ ရှက်(Chess)ထိုးခြင်း၊ အိမ်ဆောက်ခြင်း၊ ဘောလုံးပစ်ခြင်းစသည့်တို့ကို ပျော်ရွှင်စွာ ကစားခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းသည် ကျောင်းပိတ်ရာသီအချိန်၌ ကျောင်းသား/သူများ၏ ဦးနှောက်နှင့် ဉာဏ်ရည်/ဉာဏ်သွေးကို မြှင့်တင်သည့်အနေဖြင့် လေ့ကျင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)