အခြေခံစားသောက်ကုန်နှင့်ဆောက်လုပ်ရေးသုံးပစ္စည်းများ စျေးမြှင့်တင်ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

အမရပူရ ဧပြီ ၂၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့တွင် အခြေခံစားသောက်ကုန်နှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ စျေးမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့နံနက် ၇ နာရီ အချိန်က စတင်ပြီး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးမှုတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ စားသုံးသူရေးရာ၊ မြို့နယ်စည်ပင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် ရပ်ကျေးအုပ်မှူးများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် အမရပူရမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များသို့ ရောင်းစျေး၊ ဝယ်စျေးများနှင့်ပတ်သက်၍ စျေးမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနထံမှ သိရသည်။

စိုးသီဟ(အမရ)