ကျိုင်းတုံ ဧပြီ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများ၊ ဆက်စပ်ဌာနဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များက ဒေသအတွင်း မိုးစပါး၊ နွေစပါး၊ ပြောင်း၊ ဆီထွက်သီးနှံ၊ ဝဥ၊ ကော်ဖီ၊ လဖက်၊ ရာဘာ စသည့် အခြားစိုက်ပျိုးသီးနှံများ စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချမှုအခြေအနေများ၊ တောင်သူများ၏ သီးနှံ စိုက်ပျိုးထွက်ရှိမှု/ဝင်ငွေအကျိုးအမြတ်နှင့် ဒေသအတွင်း စားရေးရိက္ခာဖူလုံရေးနှင့် သီးနှံများ အထွက်နှုန်းတိုးတက်စွာရရှိရေးအတွက် မြေဩဇာလုံလောက်စွာရရှိရေး၊ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးနိုင်ရေး၊ တိုးချဲ့စိုက်ပျိုးမြေရရှိရေး၊ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး စသည့် ကြုံတွေ့နေရသော အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)